09/10/2022
🌈LGBT အခေါ်အဝေါ်နှင့် အဓိပ္ပါယ်များ🌈
-----------------------------------------------------
LGBT ဆိုတာဘာလဲ?
👇- LGBT -👇
Le***an - Gay - Bisexual - Transgender
👉1.Le***an (လက်စ်ဘီယန်)
ကိုယ့်ကိုကိုယ်
မိန်းကလေးလို့ခံယူထားသူ တစ်ယောက်က တခြားမိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတယ်ဆိုရင် Le***an လို့ခေါ်ပါတယ်။
Le***an တွေက ကိုယ့်ကိုကိုယ် မိန်းကလေးလို့ခံယူထားတာဖြစ်တဲ့အတွက် အဝတ်အစား၊အပြောအဆို၊အနေအထိုင် စတာတွေက မိန်းကလေးတစ်ယောက်နဲ့အတူတူပါပဲ။
ဒါပေမယ့် ကျားကျားလျားလျားနေတတ်တဲ့သူတွေလည်း
ရှိနိုင်ပါတယ်။
👉2.Gay (ဂေး)
ကိုယ့်ကိုကိုယ် ယောက်ျားလေးလို့ခံယူထားသူတစ်ယောက်က တခြားယောက်ျားလေးတစ်ယောက်ကို
စိတ်ဝင်စားတယ်ဆိုရင် Gay လို့ခေါ်ပါတယ်။
Gay တွေက ကိုယ့်ကိုကိုယ် ယောက်ျားလေးလို့ခံယူထားတာဖြစ်တဲ့အတွက် အဝတ်အစား၊အပြောအဆို၊အနေအထိုင် စတာတွေက ယောက်ျားလေးတစ်ယောက်နဲ့အတူတူပါပဲ။
ဒါပေမယ့် နွဲ့တဲ့သူတွေလည်းရှိနိုင်ပါတယ်။
****Gay ရော Le***an ရော
လိင်တူ စိတ်ဝင်စားကြတာဖြစ်တဲ့အတွက် Homosexual (ဟိုမိုဆက်ဆူရယ်)
တွေပဲဖြစ်ကြပါတယ်****
👉3.Bisexual (ဘိုင်ဆက်ဆူရယ်)
လူတစ်ယောက်က ယောက်ျားလေးရော၊မိန်းကလေးရော နှစ်မျိုးစိတ်ဝင်စားတယ်ဆိုရင်
Bisexual လို့ခေါ်ပါတယ်။
Bisexual man,Bisexual woman စသဖြင့်ခေါ်ကြပါတယ်။
👉4.Transgender (ထရန်စ်ဂန်ဒါ)
Transgender ဆိုတာကတော့ မိမိဖြစ်ချင်တဲ့လိင်ပုံစံနဲ့ မိမိမွေးတုန်းကလိင်ပုံစံနဲ့ ထပ်တူမကျသူတွေဖြစ်ပါတယ်။
ဥပမာ။ ။
ယောက်ျားလေးအဖြစ် မွေးဖွားလာပေမယ့် မိန်းကလေးစိတ်ရှိသူများ
(မိန်းမလျာ, Transgender woman)
မိန်းကလေးအဖြစ်မွေးဖွားလာပေမယ့် ယောက်ျားလေးစိတ်ရှိသူများ
(ယောက်ျားလျာ, Transgender man)
***Transgender တွေမှာ လိင်စိတ်သဘောထား အမျိုးမျိုးရှိနိုင်ပါတယ်***
ဥပမာ။ ။
မိန်းမလျာတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားရင်
Le***an ဖြစ်သွားပါတယ်။
မိန်းမလျာတစ်ယောက်က
ယောက်ျားလေးတစ်ယောက်ကိုစိတ်ဝင်စားရင် Straight (လိင်ကွဲစိတ်ဝင်စားသူ) ဖြစ်သွားပါတယ်။
Bisexual လည်းဖြစ်နိုင်ပါတယ်။
တခြားအမျိုးအစားတွေလည်းဖြစ်နိုင်ပါတယ်။
LGBT နှင့် ဂျပန်အခေါ်အဝေါ် အသုံးအနှုန်းများ
------------------------------------------------------
🌈 Ship = လူ၂ယောက်ရဲ့ Friendship ဒါမှမဟုတ် လိုက်ဖက်မှုကြောင့် ထိုလူ၂ယောက်ကို သဘောတူကြခြင်း...
🌈BL - BoysLove
🌈Yaoi (ရာ
Family🏳️🌈🏳️🌈