Kiwi Babywear

Call Directions

Kiwi Babywear “အမေ့ရင်ခွင်ကနေ ပထမဆုံးခြေလှမ်းတွေထိ Kiwi”

Kiwi Prints · အထည်လေးတွေပေါ်က ပုံပြင်လေးတွေ 🥝Kiwi အထည်လေးတွေပေါ်က ပုံလေး တစ်ပုံချင်းစီမှာ ပုံပြင်လေး တစ်ပုဒ်စီ ရှိပါတယ်။...
10/11/2026

Kiwi Prints · အထည်လေးတွေပေါ်က ပုံပြင်လေးတွေ 🥝

Kiwi အထည်လေးတွေပေါ်က ပုံလေး တစ်ပုံချင်းစီမှာ ပုံပြင်လေး တစ်ပုဒ်စီ ရှိပါတယ်။ ဒီနေ့တော့ ပုံလေး ၄ ပုံရဲ့ ပုံပြင်လေးတွေကို ပြောပြချင်ပါတယ်။

🐻 အာကာသ ဝက်ဝံလေး ~ ကြယ်လေးတွေကြား လွင့်မျောရင်း စတော်ဘယ်ရီလေးတွေ လိုက်ခူးနေတယ်

🐢 မေမေနဲ့ လိပ်ကလေး ~ မေမေ ကူးတဲ့နောက်ကို ဖြည်းဖြည်းချင်း လိုက်ကူးရင်း ရေပွက်လေးတွေ မှုတ်နေတယ်

🐙 ပင်လယ်ထဲက သူငယ်ချင်းတွေ ~ ဝေလငါးလေးက ရေပန်းလေး မှုတ်ပြတော့ ရေဘဝဲလေးက လက်ခုပ်လေး တီးပေးတယ်

🐧 သင်္ဘောသား ပင်ဂွင်းလေး ~ ဦးထုပ်လေး ဆောင်းပြီး ပင်လယ်လေညင်းလေး ခံဖို့ ထွက်လာပြီ

ညအိပ်ခါနီး သားသား သမီးလေး ဝတ်ထားတဲ့ အင်္ကျီပေါ်က ပုံလေးတွေကို လက်ညှိုးလေးထိုးပြရင်း ပုံပြင်လေး ပြောပြကြည့်ပါနော် 💚

Kiwi Babywear ကို ဘယ်မှာ ရနိုင်လဲ 📍၂၀၂၀ ကတည်းက Kiwi အထည်လေးတွေကို လက်တွဲထားတဲ့ဆိုင်တွေကတဆင့် မေမေတွေဆီ ပို့ဆောင်ပေးနေခဲ့...
07/11/2026

Kiwi Babywear ကို ဘယ်မှာ ရနိုင်လဲ 📍

၂၀၂၀ ကတည်းက Kiwi အထည်လေးတွေကို လက်တွဲထားတဲ့ဆိုင်တွေကတဆင့် မေမေတွေဆီ ပို့ဆောင်ပေးနေခဲ့တာပါ။

အခုအချိန်မှာတော့ Kiwi Babywear က မေမေတွေရဲ့အနီးဆုံးမှာ ရှိနေဖို့ Online Launch အနေနဲ့ စတင်လိုက်ပီဖြစ်ပါတယ်နော် 💚

Kiwi အထည်လေးတွေကို မန္တလေးမှာ ဝယ်ယူချင်တယ်ဆိုရင် New Cherry ဆိုင် မှာလည်း ဝယ်ယူနိုင်ပါတယ်နော် 🥝

📍 လိပ်စာ: New Cherry, 32 လမ်း၊ 79 x 80 ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
🕘 ဆိုင်ဖွင့်ချိန်: 9:00 AM – 5:00 PM
📅 ဆိုင်ပိတ်ရက်: ဥပုသ်နေ့တိုင်း။
📞 ဖုန်း: 09-2015017

Kiwi ဝမ်းဆက်ရှည်လေးတွေ 🥝မနက်ခင်းတွေ သိသိသာသာ အေးလာပြီနော်။ ညအိပ်ချိန်နဲ့ မနက်စောစောမှာ ကလေးလေးတွေ နွေးနွေးထွေးထွေး ရှိနေ...
03/11/2026

Kiwi ဝမ်းဆက်ရှည်လေးတွေ 🥝

မနက်ခင်းတွေ သိသိသာသာ အေးလာပြီနော်။ ညအိပ်ချိန်နဲ့ မနက်စောစောမှာ ကလေးလေးတွေ နွေးနွေးထွေးထွေး ရှိနေဖို့ Kiwi ဝမ်းဆက်ရှည်လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။

✨ အသားနုနုလေးနဲ့ Fabric သားတစ်ခုတည်းကိုပဲ သုံးပေးထားပြီး၊ သက်တောင့်သက်သာ ဝတ်နိုင်အောင် မျှော့ကြိုးကအစ အကောင်းသုံးထားပါတယ်။

✨ အထည်ပေါ်က ပုံလေးတွေကို ကျမတို့ Kiwi Team က ရွေးချယ် ဖန်တီးထားပါတယ်။

✨ မွေးကင်းစကနေ ၂ နှစ်အထိ ဆိုဒ်လေးတွေ ရှိပါတယ်။ Kiwi အင်္ကျီလေးတွေက ဆိုဒ်ဖွံ့ဖွံ့လေး ချုပ်ထားတာမို့ "မတော်မှာစိုးလို့" ဆိုပြီး တစ်ဆိုဒ်ကြီး ဝယ်ထားစရာ မလိုပါဘူးနော်။ ကလေးလေး အရွယ်နဲ့ ကိုက်တဲ့ ဆိုဒ်ကိုပဲ ရွေးလိုက်ရုံပါပဲရှင့် 💚

မန္တလေးကနေ စတင်တည်ထောင်တဲ့ Kiwi Babywear လေးကို ၂၀၂၀ခုနှစ်မှာသူငယ်ချင်း၂ယောက်ရဲ့ ဆန္ဒလေး တစ်ခုနဲ့ စတင်ခဲ့ပါတယ်။ မြန်မာ က...
01/11/2026

မန္တလေးကနေ စတင်တည်ထောင်တဲ့ Kiwi Babywear လေးကို ၂၀၂၀ခုနှစ်မှာသူငယ်ချင်း၂ယောက်ရဲ့ ဆန္ဒလေး တစ်ခုနဲ့ စတင်ခဲ့ပါတယ်။ မြန်မာ ကလေးလေးတွေအတွက် နူးညံ့ပြီး ချစ်စရာကောင်းတဲ့ မွေးကင်းစ အဝတ်လေးတွေကို ကိုယ်တိုင် ဖန်တီးချင်တယ် ဆိုတဲ့ ဆန္ဒလေးပါ။

အထည်လေးတွေပေါ်က ပုံလေး တစ်ပုံချင်းစီကို ကျမတို့ သေချာရွေးချယ်ပြီး အရောင်လေးတွေကိုလည်း တစ်ရောင်ချင်း ရွေးပါတယ်။ Collection တိုင်းမှာလည်း ပိတ်စ Quality ကို တသားတည်းဖြစ်အောင်ဖန်တီးပေးထားပါတယ်။ ပြီးတော့ ရွေးချယ်ဖန်တီးထားတဲ့ ဒီဇိုင်းအတိုင်း ကျမတို့ Kiwi Teamက တစ်ထည်ချင်းကို ဂရုတစိုက် ချုပ်ပေးပါတယ်။

Kiwi အထည်တိုင်းမှာ Kiwi label လေး ပါပါတယ်နော်။

၂၀၂၀မှ ယနေ့တိုင် မွေးကင်းစ ကလေးလေးတွေကနေ ခြေလှမ်းစလှမ်းတဲ့ ကလေးလေးတွေအထိ Kiwi ကို ဝတ်ဆင်လာကြပါတယ်။ မေမေတွေရဲ့ ယုံကြည်မှုကြောင့် ဒီနေ့အထိ ရောက်လာတာကို အရမ်း ကျေးဇူးတင်ပါတယ်။

အခုတော့ မေမေတွေနဲ့ ပိုနီးနီးကပ်ကပ် ရှိနိုင်ဖို့ Kiwi Babywear page လေးကို စတင်လိုက်ပါပြီ။ Kiwi ရဲ့ ဝတ်စုံလေးတွေ၊ ကိုယ်ပိုင် ပုံလေးတွေနဲ့ မေမေတွေအတွက် အကြံလေးတွေကို ဒီမှာ မျှဝေသွားပါမယ်။

အမေ့ရင်ခွင်ကနေ ပထမဆုံးခြေလှမ်းတွေထိ Kiwi 💚

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959402572000

Website

Alerts

Be the first to know and let us send you an email when Kiwi Babywear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby clothing stores