26/07/2026
မြန်မာမှု မြန်မာ့ဟန် အငွေ့အသက်နဲ့
မိသားစုအလှူတော်မင်္ဂလာပုံရိပ်... 🧑🧑🧒🧒
မြန်မာတို့၏ မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်းတစ်ခုဖြစ်သည့် အလှူတော်မင်္ဂလာပွဲကြီးကို အညာဒေသရဲ့ အငွေ့အသက်များနှင့်အတူ မိသားစုအလှူပုံရိပ်အဖြစ် ဖန်တီးပုံဖော် အသက်သွင်းပေးထားပါတယ်၊🩷
ဝတ်စုံလေးများတွင် မြန်မာ့ရိုးရာ စောင်းတန်းများ၌ မြင်တွေ့ရလေ့ရှိသော "မှန်စီရွှေချ" အနုလက်ရာများကို စံနမူနာယူကာ ပုဝါထက်တွင် အနုပညာမြောက်စွာ ထည့်သွင်းဖန်တီးထားပါတယ်🩷
ပန်းငပိရောင် အောက်ခံအပေါ်တွင် ရွှေဘူးနွယ်၊ Crystal အနီ၊ အစိမ်း စသည့် ကျောက်သံပတ္တမြားများ စီခြယ်ထားသကဲ့သို့ ခမ်းနားဆန်းပြားလှသည့် လက်ရာများကြောင့် ကြည့်ရှုသူတိုင်း၏ ရင်ကို ကြည်နူးစေမှာ အမှန်ပါပဲရှင်🩷
ဖန်တီးထားသော မိသားစုအလှူပွဲ ပုံရိပ်လေးတွေကို ကြည့်ရှုရင်း စိတ်ချမ်းသာခြင်း၊ ပျော်ရွင်ကြည်နူးခြင်း ခံစားချက် တစုံတရာလေးများ ကူးစက်ရရှိစေခဲ့ရင် ဖန်တီးပေးရသူ မိမိတို့အဖို့ ကြိုးစားရကျိုးနပ်စေပါတယ်ရှင်။ 🩷
ဒီလို ခမ်းနားကျက်သရေရှိလှသည့် မြန်မာ့အငွေ့အသက်များနှင့်ပြည့်နှက်နေတဲ့ ဝတ်စုံများကို ဖန်တီးခွင့်ရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါတယ် 🩷
အမြဲကြိုးစားနေမယ့်
Designer Swe Zin Lin Han နှင့် Team 🩷
Stars - Ko Thiha + Sandi Myaint Lwin , (သမီးလေး)Treasure ,(သားလေး) သတိုးသီဟ
MUA - Jessica Han
Hair - May Lin
Photographer - Aung Kyaw Tun
Stylist - Pu Tu
Floral - Ye Hman
Setting - Bo Bo Min
Jewelry - Win & San Diamond and Fine Jewelry
Silk for men- Yin Thu Htike
Designer - Swe Zin Lin Han (D-alight Fashion Boutique)
Work Shop- near No.10 Police Station, Chan Mya Thar Si Tsp, Mandalay.
Home- No. 7/1, 22nd St, Bet 86 * 87 St, Mandalay.
092011452 ,09941145200 , 09752411452