14/05/2026
Nursery, Pre-KG, KG တက်ဖို့အတွက် မေမေတို့ ပြင်ဆင်ရမယ့်အရာလေးတွေကို စုစည်းပေးထားပါတယ်
✅1. စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ (မိဘနဲ့ကလေးနှစ်ဦးလုံးအတွက်)
👶ကလေးအတွက်
မိခင်/ဖခင်နဲ့ ခွဲခွာချိန် ခံနိုင်ရည်ရှိအောင် ကြိုတင်လေ့ကျင့်ပေးပါ
သွားမယ့်ကျောင်းအကြောင်း ကြိုတင်ပြောပြပေးပါ
သူငယ်ချင်းလုပ်နည်း၊ မျှဝေတတ်နည်းလေးတွေကို ပြောပြပေးပါ
morning routine လေး (စောစောထတက်ဖို့, လက်ဆေး, ဝတ်စုံဝတ်နည်း) လေ့ကျင့်ပေးပါ
🧔မိဘအတွက်
မိမိကလေးကိုယုံကြည်ပါ
မျှော်လင့်ချက်ကြီးကြီးအရမ်းမထားပဲ စိတ် သက်သက်သာသာစတင်ပါ
✅2. လိုအပ်တဲ့ပစ္စည်းများ (အကောင်းဆုံးပြင်ဆင်ဖို့)
👶ကလေးအတွက်
ကျောင်းအိတ် (သက်သာပြီးပေါ့ပါးတဲ့အမျိုးအစား)
ရေသောက်ခွက် (အရောင်လေးကလေးကြိုက်တဲ့အတိုင်း)
Lunch box (အရောင်လှလှလေး / ပေါ့ပါးအေးမြတဲ့အမျိုးအစား)
Wet wipes, small towel
Extra clothes set (အရေးကြီးဆုံး!)
Comfortable shoes / sandals
Label stickers (ပစ္စည်းပေါ် တပ်ဖို့)
☀️Educational toys (play-based learning ကောင်းစေဖို့)
🧔မိဘအတွက်
Daily schedule planner (drop-off/pick-up စီစဉ်နိုင်အောင်)
Communication notebook (teacher နဲ့ဆက်သွယ်ရေးအတွက် )
Patience + Encouragement (အရမ်းလိုပါတယ်!)
ကလေးကျမ်းမာရေး record၊ ကလေးမွေးစာရင်း
3. ကျောင်းပို့/ကြို Safe ဖြစ်အောင် သတိထားရမယ့် အချက်များ
Transport arrangement လုပ်တဲ့အခါ
မောင်းသူ၊ အဖော်နဲ့ ကလေးလာပို့သူ (ကားမောင်း/စက်ဘီး) ကို တိတိကျကျရွေးပါ
ကလေးတစ်ယောက်တည်းမသွား စေပဲ– အနည်းဆုံးနှစ်ယောက်အတူရှိပါစေ
Ferry နဲ့ဆို အမြဲတမ်း ယာဉ်နံပါတ်၊ မောင်းသူဖုန်းနံပါတ်သိထားပါ
Car seat သုံးဖို့ သတိထားပါ (အထူးသဖြင့် Nursery များအတွက်)
ကလေးရောက်ကြောင်းကို confirm ပြန်ဖို့ စည်းမျဉ်းထားပါ
ကျောင်းက Shuttle နဲ့သွားမယ်ဆိုရင်၊ စစ်ဆေးစရာများ ယာဉ်သန့်ရှင်းမှု၊ staff အပြုအမူ၊ ကင်မရာပါမပါ စသည်ဖြင့်
Pick up time
ကျောင်းများတွင် ကလေးကိုလာကြိုသူ ယုံကြည်လောက်တဲ့သူဖြစ်ကြောင်းပြသနိုင်ဖို့ ID / pass code စနစ်ရှိသင့်ပါတယ်
ကလေးကိုလည်း သူစိမ်းတစ်ဦးလာခေါ်မသွားနိုင်အောင် ကလေးကိုလည်း အတိအကျပြောထားပါ
Teacher နဲ့ regularly ဆက်သွယ်ပါ – ကျောင်းပို့ပုံ၊ အပြောင်းအလဲရှိ/မရှိ contact လုပ်ပါ
အမြဲတမ်းမှတ်ထားရမှာကတော့ —
ကျောင်းဟာ အရိုးအမြစ်တွေစိုက်တဲ့နေရာဖြစ်လို့ အနားက နေမေမေ့တို့က၊ နားလည်မှုနဲ့ အားပေးမှုက အရေးအကြီးဆုံးပါပဲ။
#မေမေတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ ပထမတစ်ဆင့်ဘဝအတွက် စိတ်ခိုင်လက်ခိုင်နဲ့ စီစဉ်ဖို့အချိန်ရောက်ပါပြီ။
#ပညာရေးစတင်မှုကောင်းကနေရင်းမှ အနာဂတ်တန်ဖိုးရှိတဲ့ကလေးတစ်ယောက်ဖြစ်လာမှာပါ။
တိုက်ရိုက်ကူးယူခွင့်မပြုပါ လွတ်လပ်စွာ share နိုင်ပါသည်