11/11/2026
ဒီ November လလေးမှာတော့ Fashion Note ရဲ့တကယ့်ကိုအားကိုးရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ထက်ထက်လင်းရဲ့မွေးနေ့ရက်မြတ်လေးကျရောက်လို့လာပါတယ်။✨🎁
ရုံးတွင်းစာရွက်စာတမ်းကိစ္စတွေကစလို့ ရုံးရဲ့Sales ပိုင်းအတွက် လိုအပ်ချက်တွေကို အစအဆုံး အမှားအယွင်းမရှိအောင် စနစ်တကျနဲ့ စေ့စေ့စပ်စပ်တာဝန်ယူပေးနေတဲ့ကျွန်မတို့ရဲ့Sale Admin ထက်ထက်လင်းဟာ Customer တွေနဲ့ ဆက်ဆံရေးကောင်းအောင်ကြိုးစားပေးနေပြီး စာရင်းဇယားတွေလည်း မှန်ကန်အောင် ဆောင်ရွက်ပေးနေသူတစ်ဦးပါ။
Fashion Note ရဲ့အောင်မြင်မှုခရီးလမ်းမှာအမြဲတမ်းအားသွန်ခွန်စိုက်နဲ့ တာဝန်ကျေပွန်စွာလက်တွဲကူညီပေးနေတဲ့ ထက်ထက်လင်းအတွက် ဒီနေ့မွေးနေ့မှစပြီး...
🎂 ဘဝမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေအကုန်ပြည့်ဝပါစေ။
🎂 အလုပ်အကိုင်တွေလည်း ဒီထက်မက အောင်မြင်ပြီး အရာရာအဆင်ပြေချောမွေ့ပါစေ။
🎂 ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ရုံးမိသားစုကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။💖🌟
Happy Birthday , Htet Htet Lynn! 🎂🎁✨
ရှေ့ဆက်မယ့်နှစ်ပေါင်းများစွာမှာလည်း အခုလိုပဲပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူလက်တွဲသွားကြရအောင်နော်။ 🤝🙌